Facebook Page
My Blog List
-
နတ်သမီး အိပ်မက်1 week ago
-
Asian Institute of Technology3 months ago
-
-
စိန်စီထားသော အချိန်လေးများ4 months ago
-
-
ကလောင်နှင့်အုပ်ချုပ်သောအစိုးရ4 months ago
Popular Posts
Labels
Useful Links and Friends' Blogs
- All Myanmar Blogs
- Burmese Classic
- Chiangmai University
- Cutural Trevel and Street Foods
- Do Zo Fashion
- Enchanting Myanmar
- Fitness
- Harvard University
- Kaung Kin Ko
- Maukkha Education Magazine
- Myanmar
- Myanmar Ebook ( Free Download)
- Myanmar Egress
- Myanmar Fashion Designer Group
- Myanmar Songs
- Myanmar Study Abroad
- Myanmar Tourism
- Myanmar Youth Network ( အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် )
- Natural Health and Beauty
- Network for Green Myanmar
- Online Burma/Myanmar Library
- Princeton Unversity Blog
- Reginal Centre For Social Sciences ( RCSD ) , CMU.
- The Guardian
- The Voice Weekly
- Transparency Myanmar ( Yangon Chronicle News)
- Vogue > Fashion Trend
- Wayne
- ကိုဂျူလိုင်
- ကိုမျက်လုံး
- စိုးဇေယျ(စိုးကြီး)
- စုံလင်တဲ့ မှတ်စုစာအုပ်
- ညီလင်းဆက်
- ထူးတေဇာ
- နန်းညီ
- ပန်ဒိုရာ
- ပျိုးယုဝသုန်
- ဖိုးသူတော်
- မခင်ဦးမေ
- မင်းယွန်းသစ်
- မယ်လိုဒီမောင်
- မသက်ဝေ
- မိုးလှိုင်ည
- ရဲအောင်သူ
- သူရဿဝါ
- သံလွင်အိပ်မက်
- ကျော်ဇေယျ
- ဇေယျ၏ အတွေးအခေါ်များ
- ဇော်
- နေဘုန်းလတ်
- မောင်ဘိုဘို
- မောင်ယုပိုင်
- ယောဟန်အောင်
- လောကအလှ
Life
The adventure of life is to learn.
The purpose of life is to grow.
The nature of life is to change.
The challenge of life is to overcome.
The essence of life is to care.
The opportunity of life is to serve.
The secret of life is to dare.
The spice of life is to befriend.
The beauty of life is to give.
The joy of life is to love.
~William Arthur Ward
ကူးလူးယှက်သွယ်..
ဝေဖန် အကြံပေးချင်တာလေးတွေ ရှိရင်..
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
alwanpyay.ppt@gmail.com
ကို ဆက်သွယ် ပေးပို့လို့ ရပါတယ်ရှင်..။
ကျေးဇူးတင် ခင်မင်စွာ ကြိုဆိုလျှက်ပါနော်။
Powered by Blogger.
Saturday, January 28, 2012
စိန်စီထားသော အချိန်လေးများ
9:25 AM | Posted by
အလွမ်းပြေ |
Edit Post
အချိန်ရထားက မရပ်တမ်း သွားနေပါတယ်။ နောက်ပြန်လှည့်မရတဲ့ အချိန်တွေကို စနစ်တကျ မစီမံနိုင်ရင် စိတ်ဖိစီးမှုနဲ့ ဆုံးရှုံးမှုတွေကြား ဘဝက
လုံးချာလည် လိုက်သွားနိုင်ပါတယ်။ ကုန်သွားတဲ့ အချိန်ကို စိန်နဲ့ ရွှေနဲ့
စက်ပြီး ပြန်ဝယ်လို့ မရဘူး မဟုတ်လား။ အဲဒါ ကိုယ့် အသက်တွေပါပဲ။ စိန်ထက်
ရွှေထက် အချိန်က ပို အဖိုးတန်ပါတယ်။ သူ့ကို အသုံး ကောင်းကောင်း ချရင်တော့
စိန်တွေ ရွှေတွေ အပြင် အဲဒီထက် ပို အရေးပါတဲ့ စိတ်ကျေနပ် ပျော်ရွှင်မှုနဲ့ ကိုယ်လိုချင်တဲ့ ဘဝကို ရနိုင်ပါတယ်။
ကိုယ့်ကိုကိုယ် သတိထားမိလာတာက အချိန် စီမံခံခွဲမှု စွမ်းရည်( Time Managemant Skill) အရမ်းကျလာတယ် ဆိုတာပါပဲ။ အလုပ်အများကြီးကို လုပ်လို့ မပြီးနိုင်ဘူး ဖြစ်လာတယ်။ အာရုံများလို့ မရဘူး။ တစ်ယောက်တည်း လုပ်ချင်ရာ လုပ်က ကိစ္စ မရှိဘူး အလုပ်ထဲ ပြန်ဝင်ပြီ ဆိုတာနဲ့ ကျွန်မတို့ အချိန်တွေကို အလုပ်အတွက် စနစ်တကျ သုံးရတော့မှာလေ။

အချိန်ကိုက်ပြီးရမယ့် အလုပ်တွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာ။ လူအများနဲ့ ဆက်ဆံတဲ့ အခါ အချိန်ကို သေသေချာချာ စံမံခန့်ခွဲပြီး အလုပ်တွေ မပြီးနိုင်ဘူးဆိုရင် ပြဿနာရှိလာလိမ့်မှာမို့ အခုတလည်းက အလေ့အကျင့် ပြန်လုပ်ဖို့ ကိုယ့်ကိုကိုယ် ပြန်မောင်းတင်ရတယ်။ မောင်းတင်ရင်း မထူးပါဘူး ဆိုပြီး ဒီ ဆောင်းပါးလေးကို ပါရေးလိုက်တာပါ။
ကျောင်းသားဘဝမှာ အရေးကြီးတဲ့ အချိန်စီမံ ခန့်ခွဲမှု
ကျောင်းသားဘဝမှာ ပုံမှန်လုပ်ရတဲ့ အလုပ်၊ နေရာတဲ့ ပုံစံတွေကနေ ခွဲထွက်ပြီး ကျောင်းစာကလွဲလို့ လုပ်စရာမရှိ ကိုယ့်ကျောင်းတက်ချိန်နဲ့ ကျောင်းစာတွေ ပြီးအောင် လုပ်ရတာကလွဲလို့ပေါ့။ အဲဒီမှာ သိပ်မဆိုးသေးပါဘူး။ အတန်းတက်ချိန် မရှိရင် ပိုတောင် အေးဆေးသေးပါတယ်။ ကျောင်းစာသာလျှင့် အရေးအကြီးဆုံးကိုး။ ကျောင်းစာဆိုတဲ့ အာရုံ တစ်ခုပဲ ရှိတယ်။
အဲ ကျောင်းသား ဘဝကနေ အလုပ်ထဲ ဝင်တော့မယ် ဆိုရင်တော့ အရင်လို ကျောင်းသား တစ်ခုတည်း မဟုတ်တော့ဘူး။ ဘဝ ဆိုတာကြီးနဲ့ ထိပ်တိုက်တွေ့ပြီဆိုတော့မှ ချော်လဲလို့ မဖြစ်ဘူး မဟုတ်ဘူးလား။ တကယ်တော့ ကျွန်မတို့ကျောင်းသား ဘဝမှာတင် လက်တွေ့ လုပ်ငန်းခွင် ဆီကို ကူပြောင်းဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ဖို့ပါ ကျွန်မဆို့ အချိန်တွေကို သုံးသင့်ပါတယ်။
ကျောင်းသားဘဝမှာ ကျောင်းစာတွေကို အချိန်မီ ပြီးဖို့က အဓိကပါ၊ ပြီးရင် ကိုယ့် အချိန်တွေကို လူမှု ဆက်ဆံရေးမှာ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ကျောင်းက လုပ်ရှားမှုတွေမှာတာမျိုး၊ အားကစားပွဲတွေ၊ စတဲ့ လူမှုရေး နယ်ပယ်နဲ့ ကိုယ်လက် ကြံ့ခိုင်မှုကိုပါ တိုးတက်အောင် လုပ်သင့်ပါတယ်။
VOA က ပြီးခဲ့တဲ့ အပတ်က သတင်း မှာ ကာယလှုပ်ရှာမှုဟာ ကျောင်းစာကို ပိုတော်စေတယ် ဆိုတာကို နယ်သာလန် ဆေးကျောင်းက သုတေသီတွေက တွေ့ရှိခဲ့ပြီး အသက်ကြီးတဲ့ အခါလည်း သူငယ်ပြန်တာမျိုး မဖြစ်အောင် ကာကွယ်ရာရောက်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
နောက်ပြီး တခြား ဗဟုသုတ ဖြစ်ဖွယ် စာများ ဟောပြောပွဲများကိုလည်း တက်ရောက်သင့်ပါတယ်။ နောက်တစ်ခုက ငွေရှာတာကို ရပ်မထားပဲ ကျောင်းတက်နေတဲ့ ကြားက ငွေရှာနိုင်အောင် ကြိုးစားနည်းလမ်းရှာသင့်ပါတယ်။
လူဆိုတာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာ အကောင်းဆုံးပါပဲ။ နောက်ဆုံး အရေးအကြီးဆုံး တစ်ချက်က တော့ လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်မှုပါပဲ။ ကိုယ်သွားမယ့် လုပ်ငန်းခွင်ကို ကြိုတင်လေ့လာ လိုအပ်တာတွေ ပြင်ဆင်ထား ရပါမယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်လျှောက်နိုင်ဖို့ ရနိုင်ဖို့ အဆင်သင့် ဖြစ်အောင် လေ့ကျင့်ပါ လို့ အကြံပေးချင်ပါတယ်။
Time Management ( အချိန် စီမံခံခွဲမှု)
Time Management ဆိုတာ ကိုယ့်ရဲ့ အသက်နဲ့ဘဝကို စနစ်တကျနဲ့ အကျိုးရှိရှိ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် စိတ်ကျေနပ်စွာ ဘဝကို ဖြတ်သန်းသွားနိုင်အောင် လုပ်တာပါပဲ။
အချိန်ကို စနစ်တကျသုံးခြင်း အကျိုး
အချိန်ကို စနစ်တကျ သုံးတယ်ဆိုတာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးအောင် လုပ်နိုင်တာပါပဲ။ ကိုယ်လုပ်စရာရှိသမျှ အလုပ်တွေကို ပြီးစီးသင့်တဲ့ အချိန်မှာ ပြီးစီးအောင် လုပ်တာပါ။
အဲဒီလို ပြီးစီးလာရင် စိတ်ဖိစီးမှုတွေ ရော့ကျလာမယ်၊ လူက ပိုပျော်ရွှင်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာပြီး။ ကိုယ်ပိုင်စွမ်းရည်တွေ ပိုပြီး မြင့်မားလာမယ်။ စွမ်းရည်မြင့် လာတာနဲ့ အမျှ အလုပ်တွေ အချိန်မှန်ပြီးလာမယ်.. ဒီနောက်တော့ အချိန်ပိုတွေ ထွက်လာမယ်။ အဲဒီ အချိန်ပိုတွေကို ထပ်ပြီး အကျိုးရှိရှိ သုံးနိုင်မယ်ဆိုရင် ကိုယ့်ဘဝကို ပိုကောင်းလာအောင် လုပ်နိုင်မှာ သေချာပါတယ်။
အချိန်ကို စနစ်တကျ သုံးနိုင်ဖို့ ကြိုးစားမယ်
- စိတ်ရှည်ပါ။ အားမလျှော့ပါနဲ့။
အချိန်ကို စနစ်တကျ သုံးနိုင်တဲ့ စွမ်းရည်တက်လာအောင် အရင်ဆုံး လုပ်ရမှာပါ။ နောက် လုပ်နေစဉ်မှာ အားမလျှော့ ပစ်ဖို့နဲ့ ငါ လုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်ရှိကိုအမြဲ ထားပြီး ဆက်ကြိုးစားဖို့ တိုက်တွန်းချင် ပါတယ်။
- ကိုယ့် အကြောင်းကိုယ် သိပါ
အလုပ်တစ်ခုကို အကြာကြီးလုပ်ပြီးရင် ငြီးငွေလာတတ်ပြီး အလုပ်ပြီးဖို့ စွမ်းရည်ကျလာတာမို့ ကိုယ့်စွမ်းရည် ဘယ်အချိန်လောက်ဆို ကျလာရင် ဘယ်လို အာရုံကို ပြန်လမ်းဆန်းလာအောင် လုပ်မလဲ ဆိုတာ သိပါ။
သတ်မှတ်အချိန်အတွင်း အလုပ်ပြီးဖို့အချိန်တိုအတွင်း သွေးပူလေ့ကျင့်ခန်းနဲ့ ခေါင်းအေးအောင်ဘယ်လို လုပ်ရမလဲ ဆိုတာ သိအောင် ကြိုးစားပါ။သတ်မှတ်အချိန်အတွင်း အလုပ်တွေ ပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ဘယ်လို ဂုဏ်ပြုမလဲ ဆိုတာပါ စဉ်းစားပါ။ သင်ပျော်ရွှင်လာပါလိမ့်မယ်။
- အချိန်ကို စနစ်တကျ ဘယ်လို စီမံခန့်ခွဲမလဲ
တစ်နှစ်အတွင်း၊ တစ်လအတွင်း၊ တစ်ပတ်အတွင်း၊ တစ်ရက်အတွင်း ပြီးအောင်လုပ်ရမယ့် အလုပ်တွေ ချရေးကြည့်ပါလား အဲဒီမှာ သင် ဘယ်လောက် အလုပ်များလဲ ပေါ်လာပြီ။ ကြားဖြတ် ဝင်လာမယ့် အလုပ်တွေလည်း ရှိဦးမှာ မလန့်သွားပါနဲ့။ နောက်တာပါ။ ရိုးရိုးလေးပဲ စတာပေါ့။
အရေးအကြီးဆုံး သတိပြုရမယ့် အချက်က လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲသိပြီး လုပ်သင့်တာတွေ ပြီးမှ လုပ်ချင်တာကို လုပ်ပါ။
ညအိပ်ရာမဝင်ခင် နောက်နေ့ ပြီးအောင် လုပ်ရမှာတွေ ကို ချရေးပြီး အချိန်နဲ့ သတ်မှတ်ပါ။ အရေးအကြီးဆုံးကနေစပြီး လုပ်ပါ။ အရေးကြီး တစ်၊ နှစ် စသည်ဖြင့် သတ်မှတ်ပါ။ နောက်ပြီး လုပ်ချင်တာတွေကို ပိုတဲ့ အချိန်မှာ ထည့် သတ်မှတ်ပါ။
မနက်စောစော နိုးနိုးချင်း လုပ်ရမယ့် အလုပ်စာရင်းကို ကြည့်ပြီး ဖြည့်စရာရှိတာဖြည့်ပြီး စလုပ်ပါတော့ ။ အချိန်မီပြီးတာ အတွက် ကိုယ့်ကိုကိုယ် ဆုပေးဖို့ မမေ့နဲ့ ဦးနော်။
လုပ်သင့်တာတွေ မပြီးရင် လုပ်ချင်တာ လုပ်ခွင့်မရတာကတော့ ဒဏ်ပေးခြင်း တစ်မျိုးပေါ့။
ညဘက် အိပ်ရာဝင်တဲ့ အချိန်မှာ ဒီနေ့ မပြီးမြောက်ခဲ့သေးတဲ့ အလုပ်တွေကနေ စရေးပါ၊ နောက် ထပ် လုပ်ရမယ့် အလုပ်တွေ နဲ့ ကိုယ်လုပ်ချင်တာတွေရေးတဲ့အခါ ကိုယ် လုပ်သင့်တာတွေ လုပ်လို့မပြီးလို့ လုပ်ချင်တာတွေကို လုပ်ခွင့်မရတာ သိပြီး လုပ်ချင်တာ လုပ်ခွင့်ရဖို့ ပိုကြိုးစားပြီး လုပ်ပါ။ ဒီလိုနဲ့ အချိန်ကို စနစ်တကျ သုံးတတ်လာပါလိမ့်မည်။
လူက အကျင့်ပါပဲ။ အကျင့် မဖြစ်ခင် ဒုက္ခကြီးလို ဖြစ်နေပေမယ့် အကျင့်ဖြစ်ပြီး အသားကျသွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးဆေး လုပ်နေမှန်း မသိ အချိန်ကို အက်ျိုးရှိရှိ သုံးနိုင်လာမှာမို့ စိတ်ညစ်စရာလို့ မမြင်ပါနဲ့။ လေ့ကျင့်ခန်း စလုပ်ခါစ လူလိုပေါ့ အစတော့ ကိုယ်တွေ လက်တွေ နာတယ် နောက်တော့ လေ့ကျင့်ခန်း မလုပ်ရရင်တောင် နေလို့ ထိုင်လို့ အဆင်မပြေချင်ဘူးလေ။
အင်တာနက်ပေါ်မှာ ဖတ်ထားသမျှနဲ့ ကိုယ်အတွေးလေးကို ပေါင်းစပ် ရေးထားတာတဲ့ ဒီစာလေးကို အချိန်ပေးပြီး လာဖတ်တဲ့ စာဖတ် ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်း
ကဲ ကျွန်မလည်း သတ်မှတ်ထားတဲ့ Blogging ချိန်က ၁၅ မိနစ်တောင် ကျော်နေပြီ။ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။
ခင်မင်စွာဖြင့်
အလွမ်းပြေ
Wednesday, January 25, 2012
အချစ်စစ်ရဲ့ သက်သေ
1:39 AM | Posted by
အလွမ်းပြေ |
Edit Post
ထိုင်းမှာ
သိပ်ခေတ်စား လူပြောများနေတဲ့ အကြောင်းလေးပါ။ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတဲ့ ချစ်သူ
မိန်းကလေးရဲ့ အသုဘ အခမ်းအနားကို လက်ထပ်ပွဲ အဖြစ် ပြောင်းလို့ ချစ်သူကောင်လေးက သူ့ချစ်သူကို
နှုတ်ဆက်လိုက်ပါတယ်။ ချစ်သူ သေဆုံးသွားပေမယ့် ချစ်သူအပေါ်ထားတဲ့ သူ့ အချစ်စစ်ရဲ့ သက်သေပါတဲ့။
အသက်မဲ့စွာ
လှဲလျောင်းနေတဲ့ ချစ်သူ မိန်းကလေးကို လက်ထပ်လက်စွပ်ကို စွပ်ပေးပြီး မင်္ဂလာဦး အနမ်း
ပေးနေတဲ့ မြင်ကွင်းက မြင်ရသူတိုင်း မျက်ရည်ကျလောက် ပါတယ်။ သူတို့ဟာ တက္ကသိုလ် တက်စဉ်ကတည်းက
ချစ်သူတွေ စဖြစ်ပြီး ၁၀ နှစ်ကျော် ချစ်သူ သက်တမ်းကို အတူ ကျော်ဖြတ်ခဲ့ကြတဲ့ ချစ်သူတွေပါတဲ့။
အချစ်စစ်ရဲ့ သက်သေ အနေနဲ့ ချစ်သူ သေဆုံးသွားပေမယ့် သူ့အချစ်တွေ မသေဆုံးကြောင်း သက်သေ သိပ်လှပတဲ့
အချစ်ကို သက်သေပြတဲ့ မြင်ကွင်းလေးလေလား..
အခု
ကျန်ရစ်သူ ကောင်လေးက သေဆုံးသွားတဲ့ သူ့ချစ်သူကို အချစ်စစ်နဲ့ ချစ်တဲ့သူ၊ ဂတိတည်တဲ့
ချစ်သူကို လေးစားတဲ့ မြတ်နိုးတဲ့သူလား။ လူတစ်ယောက် သေဆုံး သွားပြီးမှ ကျန်တာတွေက ဘာတွေ
အရေးကြီးမှာတဲ့လဲ။ တကယ်တော့ ဒီလက်ထပ်မှုဟာ သေဆုံးသွားတဲ့ ကောင်မလေး အတွက် မဟုတ်ပါဘူး။
ကျန်ခဲ့တဲ့ ကောင်လေးရဲ့ သူ့နောင်တအတွက် သူ စိတ်သက်သာရာ ရစေတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်မ
ယူဆမိပါတယ်။ကျွန်မသူတို့
နှစ်ယောက်လုံးကို ပြင်ဆင်ခွင့် မရတဲ့ အမှားတွေနဲ့ အဆုံးသတ်သွားတဲ့ အချစ်ဇာတ်လမ်းက ဇာတ်ကောင်တွေ
အဖြစ် သနားမိပါတယ်။ သူတို့ အဖြစ်ကိုလည်း ကြေကွဲမိပါတယ်။ ဒါပေမယ့် သူ့အချစ်ရဲ့ သက်သေ ဆိုတဲ့
မင်္ဂလာပွဲကိုတော့ ရယ်သွေးသွမ်းလိုပါတယ်။ ပညာလည်းစုံပြီး အသက် ၂၈ နှစ်နဲ့ ၂၉ နှစ် ရှိပြီဖြစ်တဲ့ ချစ်သူနှစ်ယောက်၊ တကယ် လက်ထပ်ဖို့လည်း ဆုံးဖြတ်ပြီးသား ချစ်သူနှစ်ယောက်က ဘာကို စောင့်နေခဲ့ကြတာတဲ့လဲ။
လူ့ဘဝဆိုတာ
တိုတိုလေး ဆိုတာ သူတို့ မေ့လျှော့နေခဲ့ကြတာလား။ ခမ်းနားတဲ့ လက်ထပ်ပွဲအတွက် ပိုက်ဆံ
စုနေကြတာလား။ မပြီးဆုံး သေးတဲ့ နှစ်ယောက်လုံးရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကြောင့်
တစ်ယောက်ကို တစ်ယောက် လက်ထပ်ပြီး အတူနေဖို့ အချိန်မပေးနိုင်ခဲ့ကြတာလား။ ဒါမှမဟုတ် နှစ်ဘက်မိဘ
သဘောမတူလို့ လား။ ဘာအကြောင်းနဲ့ ဖြစ်ဖြစ် တကယ် လက်ထပ်ချင်တဲ့ ဆန္ဒကသာ အဓိကပါ။
အချစ်ဆိုတာကတော့
လူတစ်ယောက် အနားမှာ ရှိသေသည် ဖြစ်စေ မရှိတော့ဘူး ဖြစ်စေ၊ နီးသည် ဝေးသည် ဖြစ်စေ ချစ်နေလို့
ရပါတယ် ဒါက ချစ်သူဆိုတဲ့ အဓိပ္ပါယ်ပါ။
လက်ထပ်ခြင်းက ချစ်သူဟာ ကိုယ့်ဘဝရဲ့ ရှေ့ဆက်ရမယ့်
ဘဝအဖော်အဖြစ် ထပ်ပေါင်း သတ်မှတ်လိုက်ခြင်းပါ။
ချစ်ခြင်းမေတ္တာနဲ့
ဘဝကို နှစ်ယောက်အတူ ဆက်လျှောက်ဖို့ တစ်ယောက်ဘဝအတွက်ကို တစ်ယောက် အပြန်အလှန် တကယ်လိုအပ်ပြီး
အတူရှိရင် တစ်ယောက်တည်း ရှင်သန်ရတဲ့ ဘဝထက် ပိုအဓိပ္ပါယ်ရှိတဲ့ ဘဝဖြစ်ခြင်းကသာ လက်ထပ်ခြင်းအတွက်
အဓိက အဓိပ္ပါယ်ပါ။ ရှေ့ဆက်ရမယ့် ဘဝကို အတူတကွ ရှိနေဖို့အတွက်ပါ။လောကမှာ
အနှစ်နဲ့ အကာဆိုတာ ခွဲခြားမြင်ဖို့ အခက်သားလားနော်။
မသေချာတဲ့ မနက်ဖြန်တွေအတွက် မေ့နေပြီး
အနှစ်သာရထက် အပေါ်ယံကို အလေးထားပြီး အများအားကျလောက်တဲ့ လက်ထပ်ပွဲတွေ၊ ငွေကြေးတွေ၊ ရာထူးနဲ့
တခြား အရာတွေက သူတို့ လက်ထပ်ဖို့ နှောင့်နှေးနေစေခဲ့တာဆိုရင် နောင်တ ဆိုတာ သူတို့အတွက်
ရသင့်တဲ့ ဆုလဒ်အဖြစ် လောကကြီးက ပေးလိုက်တာပါပဲ။ ကျန်ခဲ့တဲ့ လောကသားတွေ အတွက် သင်ခန်းစာပေါ့။
ဒါကြောင့်
သူတို့ ဘာအကြောင်းကြောင့် လက်ထပ်ဖို့ နှောင့်နှေးနေခဲ့ကြလည်း ဆိုတာကို မသိနိုင်တော့
လောကကြီးမှာ ကိုယ်မသိနိုင်တဲ့ ဥာဏ်မမီတဲ့ အခြေအနေတွေ အများကြီး ရှိနေနိုင်တာပဲမို့
အပြစ် မပြောလိုပေမယ့် သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ် လိုက်ခြင်းဟာ နှစ်ဦးစလုံးအတွက်
အချစ်သက်သေလို့ မယူဆချင်ဘူး။
သေဆုံးသွားတဲ့
သူ့ချစ်သူ မိန်းကလေးအတွက်တော့ ဘာမှ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ် တစ်ခုပါပဲ။ သူမ
မင်္ဂလာပွဲရဲ့ ပျော်ရွှင်မှု၊ ချစ်သူက လက်ထပ်ခွင့် တောင်းခံရလို့ ကြည်နူးမှုနဲ့ အနာဂတ်
မိသားစုဘဝ မျှော်လင့်ချက်တွေနဲ့ ပြည့်စုံနေတဲ့ သူတို့သမီးတစ်ယောက်ရဲ့ အပြုံး ဒါတွေ
တစ်ခုမှ သူမမှာ မရှိနိုင်တော့တာလေ။ အရာရာ သူမအတွက် နောက်ကျခဲ့ပါပြီ။
အားလုံး ပြီးဆုံး
သွားပါပြီ။ လက်ထပ်ဖြစ်ခြင်း လက်မထပ်ဖြစ်ခြင်း စတာတွေထက် အချိန်မရွေးထွက်ခွာ
သွားရနိုင်တဲ့ လောကကြီးမှာ အတူရှိနေချိန်တွေကို အကောင်းဆုံး အတူ ဖြတ်သန်းသွား နိုင်ဖို့က
အရေးအကြီးဆုံးပါ။ အဲဒီလို ဖြတ်သန်းနိုင်ခဲ့ကြတယ် ဆိုရင်တော့ ဖြေသာနိုင်မှာပါ။
ဒီလက်ထပ်ခြင်းကတော့
ကျန်ရစ်သူက သူ့ကိုယ်သူ နောင်တကြောင့် ပူဆွေးမှုကနေ သက်သာရာ သက်သာကြောင်း လုပ်တဲ့ အပြုအမူတစ်ခုပါ။
တနည်းအားဖြင့် ကျန်ရစ်သူရဲ့ အတ္တကို ပုံဖော်တဲ့ အခမ်းအနားတစ်ခုပါပဲလို့ ကျွန်မတော့ တွေးနေမိပါတယ်။
ကိုယ့်ချစ်သူနဲ့
အတူ နားလည်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဘဝကို အတူ ဖြတ်သန်းသွားရင်း အသက်ရှင်ချိန် လူ့ဘဝ
ခဏတာမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်စေရင်း အချစ်ကို သက်သေ ပြနိုင်ဖို့
… လောကကပေးတဲ့ သင်ခန်းစာသာ…
အလွမ်းပြေ
Tuesday, January 24, 2012
ငြိမ်းချမ်းရေးနဲ့ အရိုးရဲ့ ဥ သီချင်း
4:14 AM | Posted by
အလွမ်းပြေ |
Edit Post
တစ်နေ့ တစ်နေ့... စာမျက်နှာ စာအုပ်ကြီးပေါ်က သတင်းတွေ ဖတ်လိုက်၊ သတင်းလင့်တွေ အောက်က ရန်ပွဲ အဲလေ ဘွာတေး ၊ ဝက်ဝက်ကွဲ ဆွေးနွေးပွဲ တွေကို မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ တက်ဖတ်လိုက်နဲ့ မိန်းကလေးဆိုတော့ စပ်စုတာပေါ့။
အဲလိုနဲ့ ဥာဏ်မီသလောက်လေး ပြေးပြေး ဖတ်ရင်း ... ငြိမ်းချမ်းရေး ကိစ္စ ဟိုကိစ္စ ဒီကိစ္စတွေ ရိပ်မိဝါးမိလားတော့ .. ငြိမ်းချမ်းရေး ကိစ္စ တွေ ပြောကြတာတွေ့ရင် အရိုးရဲ့ ဥ... သီချင်းကိုပဲ ပြေးပြေး သတိရမိပါတော့တယ်။
ပြည်တွင်းစစ်တွေ အကြောင်း ၊ စဖြစ်ရတဲ့ အကြောင်းတွေ ထားလိုက်ပါဦး... အခု လက်ရှိ ကြုံနေရတဲ့ အရာလေးတွေပဲ ကြည့်ပါရစေဦး။
စစ်ပွဲကြောင့်..
မိဘမဲ့ရတဲ့ ကလေးတွေ၊ ကွဲကွာရတဲ့ မိသားစုတွေ၊ နေစရာမဲ့ ဖြစ်နေတဲ့ လူသားတွေ၊ ကျီးလန့် စာစားဘဝတွေ .. ချစ်သောသူနဲ့ ကွေကွင်းရတဲ့ အပူမီးတွေ၊ မျက်ရည်တွေ ..
စစ်ပွဲတွေ ဘာကြောင့် စပြီး တိုက်တိုက် .. စတိုက်ရင်းနဲ့ နောက်ဆက်တွဲ ရလာတာက အမုန်းတွေ အငြိုးတွေ ပါပဲ.. သက်တမ်းကြာလေ နှစ်ဘက်စလုံးက အငြိုးတွေ အမုန်းတွေ ပိုပိုကြီးလာလေပါပဲ။
အရိုးရဲ့ သီချင်းထဲမှာလိုပေါ့..
ကြက်ဥ တစ်လုံးက စတဲ့ အစ နှစ်အိမ်ထောင် ပြာဖြစ်ကြသလို..
သီချင်းရေး ဆရာကိုအရိုးက သူ့သီချင်းလေး ထဲမှာပဍိပက္ခ(Conflict) တစ်ခုရဲ့
သဘောသဘာဝကို အရိုးအရှင်းဆုံး ရှင်းပြထားတာပါ။ ပြဿနာရဲ့ အစကတော့
ကြက်ဥလုတာပါပဲ။ ဒါပေမယ့် တကယ့် နောက်ပိုင်းမှာ ကိုယ့်လူထိတော့
ကိုယ်ဘက်ကနာ၊ သူလူထိတော့ သူ့ဘက်ကနာ။ တဖြည်းဖြည်း ချေလွန် လက်လွန်တွေ
ပိုပို ဖြစ်လာရာက နှစ်ဘက်လုံး အထိနာလာရတဲ့ သဘောနဲ့ နောက်ဆုံး ပြဿနာ
အစဖြစ်တဲ့ ကြက်ဥ ပြဿနာကို ဖြေရှင်းဖို့ အဓိကထက် အမုန်းတရား အငြိုးတရားတွေက
ပိုသိပ်သည်းလာပြီး ရှင်းဖို့ ခက်သထက် ခက်လာတတ်တဲ့ အကြောင်းကို
ရေးပြထားတာပါ။
ကျွန်မတို့ မြန်မာ နိုင်ငံကြီးလည်း ပြည်တွင်းစစ် ဒဏ်ကို နှစ်ပေါင်းများစွာ ခါးစည်းပြီး ခံခဲ့ကြရတာပါပဲ။ ကျွန်မက သူငယ်ချင်း များပါတယ်။ တိုင်းရင်းသားလည်း စုံပါတယ်။ သူတို့တွေနဲ့ စကားပြောတဲ့ အခါတိုင်း သူတို့ ခံစားချက်တွေ သူတို့ ရင်ဘတ်နဲ့ ရင်းပြီး ခံစားရသမျှတွေကို သူတို့နဲ့အတူ မျက်ရည်လိုက်ကျပြီး ခံစား နားထောင်ပေးဖူးပါတယ်။ သူတို့ ခံစားချက်တွေကိုလည်း ထပ်တူ နားလည် ခံစားမိပါတယ်။
ထို့အတူ စစ်တပ်မှာလည်း သူငယ်ချင်းတွေ ရှိတော့ ရှေ့တန်းအကြောင်း သူတို့ ပြောတဲ့ အသံနဲ့ သူတို့ ပြောတဲ့ ခံစားချက်တွေကိုလည်း နားထောင်ပေးဖူးပါတယ်။ အဲဒီလိုပဲ တွေ့မြင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ ဒုက္ခတွေကိုလည်း ခံစားမိပါတယ်။
ကျွန်မ ခေါင်းထဲမှာ တွေးမိတာကတော့ အားလုံးက ကျွန်မတို့ မြန်မာပြည်သူ ပြည်သားတွေပဲ။ သူတို့တွေ အားလုံး အနာဂတ်မှာ ဒါမျိုးတွေ ဆက် မကြုံစေချင်တော့ဘူး... စစ်ပွဲတွေရဲ့ ရလဒ်က နောက်ဆုံး ရလိုက်တာနဲ့ ပေးလိုက်ရတဲ့ အရင်းအနှီးက တန်လို့လား။ တစ်ယောက်စီတိုင်းကို လိုက်မေးကြည့်ရင် သူတို့ရော သူတို့ အနာဂတ် မျိုးဆက်တွေကို ဒီလို အခြေအနေမျိုးတွေ လက်ဆင့်ကမ်း ချင်မှာတဲ့လား။
လူတွေဟာ
တစ်ချိန်ချိန်မှာ ကမ္ဘာပေါ်က တစ်နည်းနည်းနဲ့ ခွဲခွာရမယ့်
သူတွေချည်းပါပဲ...အငြိုးတွေ အမုန်းတွေနဲ့ အချိန်ဖြုန်းနေမယ့် အစား လူ့ဘဝ
တွေ့ဆုံစဉ် ခဏမှာ တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာမှုနဲ့ မေတ္တာပေး
ချစ်ခင်နိုင်ရင် ဘဝက ငြိမ်းချမ်းပျော်ရွှင်နေမှာပါ။ လက်ရှိအချိန်ကိုသာ
အကောင်းဆုံး ဖြစ်အောင် နေသွားရင် နောင်တဆိုတာ မလိုတဲ့ အရာ... တစ်ယောက်ချင်းစီကနေ တစ်ကမ္ဘာလုံး ဒီအတိုင်း ပါပဲလို့ တွေးမိတယ်...။
အနာဂတ်မှာလည်း ကိုယ့်မျိုးဆက်ကို ကောင်းမွန်တဲ့ အခြေအနေလေး တစ်ခုကို လက်ဆင့် ကမ်းနိုင်ဖို့ အရေးအကြီးဆုံး အချက်မဟုတ်လား။ ဆွေးနွေးဖို့ လိုအပ်တဲ့ အရာတွေကို ငြိမ်းချမ်းရေး နည်းနဲ့ စည်းနဲ့ ဘောင်ထဲက တောင်းဆို ညှိနှိုင်းနိုင်ဖို့ ကြိုးစားရင်း အမုန်းတွေ အငြိုးတွေကြား နစ်မြှုပ်မနေဘဲ အကောင်းဆုံး အခြေအနေတစ်ခုကို ရုန်းထွက် ဖန်တီး နိုင်ဖို့ ကြိုးစားရမယ်လို့ ထင်မိပါတယ်။ အဖြေမထွက်တဲ့ ပုစ္ဆာတစ်ခုကို အဖြေထွက်အောင် တွက်နည်း အမျိုးမျိုး ပြောင်းတွက်ပေးဖို့ လိုအပ်တယ် မဟုတ်လား။
ပဍိပက္ခ ပြဿနာတစ်ခု ဖြစ်လာရင် လွယ်လွယ်နဲ့ အဆုံးသတ်ဖို့ မလွယ်မှန်းတော့ အများသူငါလိုပဲ ကျွန်မလည်း သိပါတယ်။ ဒါပေမယ့် ကျွန်မ ကချင်ဘက်က ဒုက္ခသည်တွေကို မကြည့်ရက်တော့ဘူး.. အရိုးသီချင်းထဲကလို နောက်ဆုံးမှာ ပုခုံးထဖက်စေချင် လှပါပြီ။
ပြဿနာထဲကနေ အပြင်ကို ခေါင်းပြူကြည့်ပြီး ကိုယ့်လူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေနဲ့ နောက်ကျ ကျန်နေခဲ့တဲ့ တိုင်းပြည်ရဲ့ ရှေ့ရေးကို ငဲ့ပြီး ငြိမ်းချမ်းရေး ပန်းခင်းကြီးကို စတင်ပျိုးထောင်ဖို့ ပြည်သူတစ်ယောက်အနေနဲ့ ပဍိပက္ခ ပြဿနာတွေထဲက ပါဝင်နေတဲ့ Actors တွေအားလုံးကို မျှော်လင့် တောင်းဆိုချင်မိ ပါတယ်လို့.. ငြိမ်းချမ်းရေး ဆိုတာ ရလာရင်တောင် နောက်တစ်ခါ ကြက်တွေ မဥအောင် လုပ်ရဦးမယ် မဟုတ်ပါလား။
အလွမ်းပြေ
.
Friday, January 20, 2012
အခွင့်အရေးဆိုတာ... အခွင့်အရေးယူပါ ( ၃ )
8:26 AM | Posted by
အလွမ်းပြေ |
Edit Post
လှူု့အခွင့်အရေးအကြောင်း ပြောရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း (The Universal Declaration of Human Rights) ကတော့ မပြောမဖြစ် ပြောရမယ့် အကြောင်းအရာ တစ်ခုပါ။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ လူတွေဟာ ကြုံတွေ့ခဲ့ရပြီးတဲ့ စစ်ရဲ့ ဆိုးကျိုးတွေကို လက်တွေ့ ရင်ဆိုင်ပြီးတဲ့ နောက်မှာ ဒီလို စစ်ကြီးမျိုး ထပ်ဖြစ်မှာကို မလိုလားတော့ပါဘူး။
ဒါကြောင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိမ်းသိမ်းထားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြရာက ၁၉၄၈ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကနေ ဒီအချက်တွေကို ကမ္ဘာ့လူသားအားလုံးရဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့ရှုကာ လူ့အခွင့်အရေး ကြေငြာစာတမ်း (The Universal Declaration of Human Rights) ကို နိုင်ငံပေါင်း ၅၀ ကျော်က သဘောတူပါဝင်ခဲ့ပြီး အတည်ပြု ကြေငြာခဲ့ကြပါတယ်။
၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ တွင်
ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံအဖွဲအစည်းကြီးက လူ့အခွင့်အရေး ကြေငြာစာတမ်း ကြီးကို
အတည်ပြု၍ ကြေငြာ လိုက်ရာ ထိုကြေငြာ စာတမ်းကြီး ၏စာသားသည် နောက်စာမျက်နှာ
များတွင်အပြည့်အစုံပါရှိသည်။
ဤကဲ့သို့ရာဇ၀င်တင်မည့်ကြေငြာချက်ကိုပြုလုပ်ပြီးနောက် ဤညီ
လာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အား ထိုကြေငြာစာ
တမ်းကြီး၏ စာသားကိုအများပြည်သူတို့ကြား
သိစေရန် ကြေငြာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ ပြင်နိုင်ငံများ၊ သို့တည်း မဟုတ် နယ်မြေများ၏နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေး အဖွဲ့အစည်း များတွင် ထိုကြေငြာ စာတမ်းကြီး ကိုဖြန့်ချိဝေငှစေရန် ၊မြင်သာအောင်ပြထား စေရန်၊ဖတ်ကြား စေရန်နှင့်အဓိပ္ပယ်ရှင်းလင်း ဖေါ်ပြစေရန် ဆောင်ရွက် ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။

စကားချီး…
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွလူတိုင်းအညီအမျှခံစားခွင့်ရှိသည့်အခွင့်အရေးများကိုအသိအမှတ်
ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊
လူ့အခွင့်အရေးများကိုအရေးမထားမထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာ ကို ချိုးဖေါက် ဖျက်ဆီးတတ်သည့်ရက်စက်ကြမ်းကြုတ်သောအပြုအမှုများကိုဖြစ်ပေါ် စေခဲ့သောကြောင့် လည်းကောင်း၊
လွပ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်မှု၊လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ ခြင်းတို့မှ ကင်း လွတ်စွာအသက်မွေးနိုင်မှုတို့ကိုခံစားရယူစေနိုင်မည့်လောကတစ်ခုပေါ်ပေါက်လာရန်အရေးကိုလူခပ်သိမ်း တို့ကမိမိတို့၏အထက်သန်ဆုံးသောလိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ကြွေးကြော်ကြေငြာပြီးဖြစ်သောကြောင့် လည်းကောင်း၊

လူခပ်သိမ်းတို့သည် တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊
အုပ်စိုးမှုနှင့်ဖိစီးညဉ်းပန်းမှုတို့ကိုနောက်ဆုံးမလွှဲ သာမရှောင်သာ
လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူ့အခွင့်အရေးများကို ဥပဒေ ဖြင့်
ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊
နိုင်ငံအချင်းချင်း
ချစ်ကြည့်ရင်းနှီးစွာဆက်ဆံရေးကိုပိုမိုတိုးတက်စေရန်ကြံဆောင်ရမည်
ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မှုလလူ့အခွင့်အရေးများကိုလည်းကောင်း၊
လူ၏ ဂုဏ် သိက္ခာကိုလည်းကောင်း၊
ယောကျာင်္း မိန်းမတို့၏ တူညီသည့်အခွင့်အရေးများ ကိုလည်းကောင်း၊ လေးစား ယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင်ထပ်မံ၍ အတည်ပြုပြီးသည့်အပြင်၊ လူမှုကြီးပွားတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန် ချပြီးဖြစ်သောကြောင့် လည်းကောင်း၊

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂ အဖွဲ့နှင့်ပူးပေါင်း၍
လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေး များကို
လည်းကောင်း၊ ကမ္ဘာ တ၀ှမ်းလုံးတွင် ရိုသေ လေးစား ကျင့်သုံး စောင့်စည်း
ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့်လည်းကောင်း၊
ထို့ကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်း အစဉ်နှလုံးသွင်းလျက်
ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွပ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့်
အားထုတ်ကြရမည်ဟု လည်းကောင်း၊
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်
ထိုနိုင်ငံတို့၏ အာဏာပိုင်
အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့်
ထိရောက်စွာ သိမှတ် ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ
တိုးတက်သောဆောင် ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း
ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည် ပြည်ဆိုင်ရာ ကြေငြာစာတမ်း
ကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့တပြေးညီစွာဆောင်ရွက်နိုင်ကြစိမ့်သောငှာ
ယခုထုတ်ပြန်ကြေငြာလိုက်သည်။
အပိုဒ် (၁)
လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့်ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် (၂)
လူတိုင်းသည် လူ့အခွင့်အရေး ကြေငြာ စာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေး
အားလုံး၊ လွပ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။
လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ကျား၊
မ၊သဘာဝအားဖြင့်ဖြစ်စေ၊ဘာသာစကားအားဖြင့်ဖြစ်စေ၊ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊နိုင်ငံရေး
ယူဆချက်၊ သိုတည်းမဟုတ် အခြားယူဆချက် အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်
ဆိုင်သော၊ သို့တည်းမဟုတ် လူမှု အဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်
အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်
ဖြစ်စေ၊ အခြားအဆင့်အတန်း အားဖြင့်ဖြစ်စေ ခွဲခြားခြင်း မရှိစေရ။
ထို့အပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ
ဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့် ဆိုင်ရာဖြစ်စေ
တိုင်းပြည်အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေ ပြု၍
သော်လည်းကောင်း၊ ဒေသ နယ်မြေတစ်ခု၏ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်
နယ်မြေ၊ သို့ တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက် ထားရသည့် နယ်မြေ၊
သို့တည်းမဟုတ် ကိုယ်ပိုင် အုပ် ချုပ်ခွင့်အာဏာတို့ တစိတ်တဒေသ
လောက်သာရရှိသည့်နယ်မြေ စသည်ဖြင့်ယင်းသို့သောနယ်မြေများ ဖြစ်သည်
ဟူသောအကြောင်းကို အထောက်အထားပြု၍ သော်လည်းကောင်း ခွဲခြားခြင်းလုံးဝမရှိစေရ။
အပိုဒ် (၃)
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ် (၄)
မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊
နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ၊ လူ ကိုကျေးကျွန်သဖွယ် အဓမ္မ
စေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့်ထိုသဘောသက်ရောက်သောလုပ်ငန်း
ဟူသမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် (၅)
မည်သူ့ကိုမျှညဉ်းပန်းနှိပ်စက်ခြင်း၊သို့တည်းမဟုတ်ရက်စက်ကြမ်းကြုတ်စွာလူမဆန်စွာဂုဏ်ငယ်စေသော
ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ် (၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူခွင့် ရှိသည်။
အပိုဒ် (၇)
လူအားလုံးတို့သည် ဥပဒေအရာ၌
တူညီကြသည့်အပြင်၊ဥပဒေ၏အကာအကွယ်ကိုခြားနားခြင်းမခံရစေပဲ
တူညီစွာခံစားပိုင်ခွင့်ရှိသည်။ဤကြေငြာစာတမ်းပါသဘောတရားများကိုဖီဆန်၍ခွဲခြားခြင်းမှလည်းကောင်း
ထိုသို့ ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန်
အကာအကွယ်ကို တူညီစွာ ခံစားပိုင် ခွင့်ရှိသည်။
အပိုဒ် (၈)
ဖွဲ့စည်းပုံ အခြေခံဥပဒေ ကသော်လည်းကောင်း အခြားဥပဒေက သော်လည်းကောင်း
လူတိုင်းအတွက်ပေး ထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော
ပြုလုပ်မှုကြောင့်ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ
အာဏာပိုင် တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။
အပိုဒ် (၉)
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။
အပိုဒ် (၁၀)
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊
ပြစ်မှုကြောင့် တရားဆွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည်
လွတ်လပ်၍ဘက်မလိုက်သောတရားရုံးတော်၏လူ အများရှေ့မှောက်တွင် မျှတစွာ
ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကြူးလွတ်သည် ဟု
ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားဆွဲဆိုခြင်း
ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အ ရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက်
ခုခံချေပနိုင်ရန်လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
(၂) တစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊အပြည်ပြည်ဆိုင်ရာ
ဥပဒေအရဖြစ်စေ ၊ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ
ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကြူးလွန်စဉ် အခါက
ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော ပြစ်ဒဏ်ကို
ထိုက်သင့်ခြင်း မရှိစေရ။
အပိုဒ် (၁၂)
မည်သူမျှ မိမိသဘော အတိုင်း အေးချမ်း လွတ်လပ်စွာ
နေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကိုသော်လည်းကောင်း၊မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေး စာယူ ကိုသော် လည်းကောင်း
ဥပဒေအရ မဟုတ်သော ၀င်ရောက် စွတ်ဖက်ခြင်း မခံစေရ။
ထို့အပြင်မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း
မခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက် စွတ်ဖက်ခြင်းမှသော် လည်းကောင်း ပုတ်ခတ်
ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် (၁၃)
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွား ပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွား ပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် (၁၄)
(၁) လူတိုင်း တွင် ညဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည်များ ၌ အေးချမ်းစွာ ခိုလှုံ နေနိုင် ခွင့် ရှိသည်။
(၂) နိုင်ငံရေး နှင့် မပတ်သတ် သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သ ဘောထားမှုများကိုဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန်ပ်ါပေါက်လာသောပြစ်မှုကြောင့် တရားဆွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် (၁၅)
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသား အဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
အပိုဒ် (၁၆)
(၁) အရွယ် ရောက်ပြီးသော ယောကျာင်္းနှင့် မိန်းမတို့တွင် လူမျိုးကို
သော်လည်းကောင်း၊ နိုင်ငံသား အဖြစ်
ကိုသော်လည်းကောင်း၊ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း၊အကြောင်းပြု၍ချုပ်ချယ်ကန့်သတ်
ခြင်း မရှိပဲ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။
အဆိုပါယောကျာင်္းနှင့်မိန်းမတို့သည်လင် မယား အဖြစ် ပေါင်းသင်းနေစဉ်
အချိန်အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်း ကြသည့်
အခါ၌ သော် လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့်
စပ်လျဉ်းသော တူညီ သည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျင် ထိမ်းမြားခြင်း ကိုပြုရမည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံ အဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစု သည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် (၁၇)
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြား သူများနှင့် ဖက်စပ်၍
သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကို
ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ဥပဒေအရမဟုတ်လျှင်၊ မည်သူမျှ မိမိ၏
ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် (၁၈)
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊
လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက် ၀င် ကိုးကွယ်နိုင်ခွင့်
ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိ ကိုးကွယ်သည့် ဘာသာ ကို သို့တည်းမဟုတ်
သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင်၊
မိမိတစ်ယောက်ချင်း ဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ
အများရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ပဲ
သော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်
ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊
ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့်ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင် သည်။
အပိုဒ် (၁၉)
လူတိုင်းတွင်လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ
ဖွင့်ဟဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့် အရေးများ၌ အနှောက်အယှက်မရှိပဲ
လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါသည့်အပြင်၊ နိုင်ငံနယ်နမိတ်များ
ကိုထောက်ထားရန် မလိုပဲ သတင်း အကြောင်းအရာနှင့် သဘောတရားကို တနည်းနည်းဖြင့်
လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့်
ဝေငှဖြန့်ချီခွင့်တို့လည်းပါဝင်သည်။
အပိုဒ် (၂၀)
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန်အတင်းအကျပ်မပြုရ။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန်အတင်းအကျပ်မပြုရ။
အပိုဒ် (၂၁)
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊
လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စား လှယ်များမှ တစ်ဆင့်ဖြစ်စေ
ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန်တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရပါမည်။
အဆိုပါဆန္ဒကိုအချိန်ကာ လပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့်
ထင်ရှားစေရမည်။ ရွေးကောက်ပွဲများ တွင်လည်း လူ တိုင်းအညီအမျှ ဆန္ဒမဲ
ပေးနိုင်ခွင့်ရှိရမည့်အပြင်၊ ထို ရွေးကောက်ပွဲများကို လျို့ဝှက်
မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
အပိုဒ် (၂၂)
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်
ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊
နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြစ်စေ၊
နိုင်ငံ အသီးသီး ၏
ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း၊
ထိုလူ၏
ဂုဏ်သိက္ခာ နှင့် စရိုက်လက္ခဏာ လွပ်လပ် စွာတိုးတက်မြင့်မားရေးအတွက်
မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးမှု အခွင့်အရေးများ ကို
သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် (၂၃)
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု
အလုပ်အကိုင်ကိုလွတ်လပ် စွာ ရွေးချယ်ရန် လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော
အလုပ်ခွင်၏ အခြေအနေ ကို ရရှိရန် လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ
အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ၊တူညီသောအလုပ်အတွက်တူညီသောအခကြေးငွေရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင်၊မိမိနှင့် မိမိ၏မိသားစုအတွက်လူ့ဂုဏ်သိက္ခာနှင့်ညီအောင်နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်အပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့်ရှိ သည်။ လိုအပ်ခဲ့ လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိ အကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်း အရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။

အပိုဒ် (၂၄)
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ
ကန့်သတ်ထားသည့်အလုပ်လုပ်ချိန်အပြင်၊လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထား
သည့် အလုပ်အားလပ်ရက် များ ပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစား
ပိုင်ခွင့်ရှိသည်။
အပိုဒ် (၂၅)
(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့် တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ် ၊ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှုရေး အထောက် အပံ့များ ပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကိုရယူခံစားခွင့်ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌လည်းကောင်း၊ မကျန်းမမာ ဖြစ်သောအခါ၌လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်း မသန်ဖြစ်သော အခါ၌လည်းကောင်း၊ မုဆိုးမ ဖြစ်သောအခါ၌လည်းကောင်း၊ အသက်အရွယ် အိုမင်းသော အခါ၌လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်း မရှိသောကြောင့် လည်းကောင်း၊ နေထိုင် စားသောက်ရေးတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူး စောင့်ရှောက်ခြင်း နှင့်
အကူအညီပေးခြင်းကို ရခွင့်ရှိ သည်။ ဥပဒေ အရ ထိမ်းမြားခြင်းဖြင့် ဖြစ်စေ
အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော
လူမှုကာကွယစောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် (၂၆)
(၁) လူတိုင်းသည် ပညာ သင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်
အခြေခံ အဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။
မှုလတန်းပညာသည်မသင်မနေရပညာဖြစ်ရမည်။ စက်မှုပညာ နှင့် အသက်မွေးမှု ပညာများကို
ယေဘူယျ အားဖြင့် သင်ကြား ရယူနိုင်စေရမည်။ ထို့ အပြင် အထက်တန်း ပညာအတွက်
အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေးရရှိစေရမည်
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အ၀ တိုးတက်မှုအပြင်၊
လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို
ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်
နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး
အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့်
ခင်မင်ရင်နှီးမှု တို့ကိုအားပေးရ မည်။ ထို့အပြင်
ငြိမ်းချမ်းရေးတည်တံ့အောင်ဆောင်ရွက်ရန် အလို့ငှာ၊
ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သောလက်ဦးအခွင့် အရေးရှိသည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သောလက်ဦးအခွင့် အရေးရှိသည်။
အပိုဒ် (၂၇)
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုလောက၌ လွပ်လပ်စွာ
ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာ လိုက်စား
မွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာ ထွန်းကားရေး လုပ်ငန်းများ တွင် လွတ်လပ်စွာ
ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် နှင့် ထိုပညာ၏အကျိုးအာနိသင်များကို
လွတ်လပ်စွာခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည်ဖန် တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ် နှင့်ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် (၂၈)
လူတိုင်းသည် ဤကြေငြာစာတမ်းတွင်ဖော်ပြထားသည့်
အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့် အစုံ ရယူနိုင်သော လူမှု
ဆက်ဆံရေး အခြေအနေ နှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏
အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် (၂၉)
(၁) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်းသော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင်လူတိုင်းသည်၊အခြားသူများ၏အခွင့်အရေး များနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေ လေးစားစေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူ့ အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်၊တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ် ချက်များနှင့်လည်းကောင်း၊ အခြေခံမှုများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် (၃၀)
ဤကြေငြာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ
ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက် ဖြစ်စေ၊
လူတစ်စုအတွက် ဖြစ်စေ၊ လူတစ်ဦး တစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင် ရွက်ရန်
အခွင့်ရှိသည်
ဟုသော်လည်းကောင်း၊ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း
အဓိပ္ပယ်ပိုင်ခြား ကောက်ယူခြင်းမရှိစေရ။
( ဆက်ပါဦးမည် )
Ref:
www.un.org
www.myanmarpyay.freezoka.net
အလွမ်းပြေ
Monday, January 16, 2012
ရွှေပြည်တော် မျှော်လေတိုင်း
10:30 AM | Posted by
အလွမ်းပြေ |
Edit Post
ထိုင်းနိုင်ငံ ဘန်ကောက်က တစ်ပတ်တစ်ရက် ထိုင်းစာနဲ့ အင်္ဂလိပ်စာ သင်ပေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းနဲ့ ကျောင်းသားတွေရဲ့ စကားသံကို ဒီ youtube video ကနေ ကြားရတဲ့ အခါ ကျွန်မ course work ပြီးကာစ ချင်းမိုင်က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဖွင့်ထားတဲ့ ကျောင်းမှာ လုပ်အားပေးဆရာမ ဝင်လုပ်ဖြစ်တာကို သတိရမိပါတယ်။ အစက အဲဒီကျောင်းမှ အမြဲတမ်းလုပ်မယ့် ဆရာမ မရခင် ၃ လလို့ ပြောထားပြီးမှ သူတို့ ဆရာမ မရသေးတာရယ် ကျောင်းကိုရော တပည့်တွေကိုပါ သံယောဇဉ် တွယ်မိတာကြောင့် ၉ လလောက် လုပ်ပေးဖြစ်ခဲ့ပြီးမှ စိတ်ကို မနည်းဖြတ်ပြီး ရပ်ခဲ့ရတယ်။ ကျွန်မ အဖေ နေမကောင်းတော့ အိမ်ပြန်လာရမှာလည်း ပါတာနဲ့မို့ ရယ် ကျွန်မမှာလည်း ကျွန်မ အလုပ်လည်း ပြည်တွင်းမှာ ရှိနေတာမို့ စိတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ရင် ကျွန်မ အဲဒီကျောင်းလေးကို ခွဲနိုင်မယ်တောင် မထင်ဘူး။
ကျွန်မ လုပ်အားပေးဆရာမ လုပ်တဲ့ ကျောင်းက
ဆရာတွေက ဆရာမတွေက ကျောင်းသား တွေ ဘယ်လောက် ဘဝ ကြမ်းပြီး
ကြိုးစားရတယ်ဆိုတာကို နားလည်ပြီး စေတနာစိတ်နဲ့ ဝင်လုပ်တဲ့ သူတွေဆိုတော့
သိပ်စိတ်ရှည်ကြပါတယ်။ ကျွန်မကိုလည်း သူတို့ သဘာဝကို နားလည်အောင်
ပြောပြပါတယ်။ မိသားစု တစ်စုလိုပါပဲ။ အဲဒီကျောင်းလေးမှာ ကျွန်မ ဆရာမ
လုပ်ခဲ့ရတဲ့ တစ်လျှောက်က ချင်းမိုင်မှာ နေတဲ့ တစ်လျှောက်မှာ
အပျော်ရွှင်ဆုံးပါပဲ။
ကျောင်းသားတွေက
မိဝေး ဖဝေးဆိုတော့ ကျွန်မတို့တွေကို သူတို့ အမျိုးတွေလိုပါပဲ။ ကျောင်းမှာ
ကွန်ပျူတာ သင်တန်း၊ အချုပ်အလုပ်သင်တန်း၊ အင်္ဂလိပ်စာ၊ ထိုင်းစာနဲ့
တက္ကသိုလ်တစ်ဝက် တစ်ပျက်နဲ့ ဝမ်းရေးအတွက် မိသားစုအတွက် အလုပ်လာ
လုပ်နေရရှာတဲ့သူတွေ ကျောင်းပညာဆက်တက်ခွင့် ရဖို့ ၊ စကော်လားရှစ်
လျှောက်နိုင်ဖို့ GED ဖြေဖို့ ပြင်ဆင်ပေးတဲ့ သင်တန်းတွေပါပဲ။ ကျွန်မက အဲဒီ
တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ပေးတဲ့ သင်တန်းအတွက် ဆရာမပါ။ ကျောင်းသူ ကျောင်းသားတွေက သူတို့နဲ့ သူငယ်ချင်းလိုနေတဲ့ ကျွန်မကို ဆရာမ ခေါ်လိုက် အစ်မ ခေါ်လိုက်ပေါ့။
တကယ်တမ်း အနီးကပ်နေမှ ကိုယ့် နိုင်ငံသားတွေ သူတပါးနိုင်ငံမှာ ဘယ်လောက် အနှိမ်ခံရတယ်။ ဘဝတွေ ဘယ်လောက်ကြမ်းတယ် ဆိုတာ ပိုသိလာရပါတယ်။ ကျွန်မ တပည့်တချို့နဲ့ ကျွန်မ တစ်အိမ်တည်းနေ အတူနေတော့ သူတို့ရဲ့ ဒုက္ခ သောက တွေကို အတူ မျှဝေ ခံစားဖူးတော့ ပိုသိလာရတယ်။
ထိုင်းမှာ ထိုင်းစကား၊ ထိုင်းစာ မတတ်ရင် ရတဲ့ လခက နဲပါတယ်။ အလုပ်တွေက ဈေးရောင်း၊ စားပွဲထိုး၊ ပန်ကန်ဆေး၊ သန့်ရှင်းရေး စတဲ့ အခြေခံ အလုပ်တွေ၊ ပရံ အလုပ်သမား စတာတွေ လုပ်ရတာပါ။ ဒါ့အပြင် တရားဝင် လက်မှတ် မဟုတ်ရင်လည်း လခ နည်းပါတယ်။ တစ်လမှ ဘတ် ၃၅၀၀ ပတ်ဝန်းကျုင် လောက်ပဲ ရပေမယ့် မြန်မာနိုင်ငံထက် စာရင် အများကြီး ရတာပါလို့ သူတို့က ဆိုကြပါတယ်။ အိမ်ပြန်ပို့တာရယ်၊ သူတို့ စားစရိတ် နေစရိတ်ရယ်နဲ့ လုံးလည် ချာလည် လိုက်နေကြတော့ တစ်ခါတစ်လေ အလုပ် နှစ်လုပ် လုပ်တဲ့ သူတွေလည်း ရှိပါတယ်။ မနက် ၈နာရီလောက်ကနေ ည ၁ နာရီ ကျော်အထိ ဆက်တိုက် နှစ်လုပ် လုပ်ရတဲ့ သူလည်း ရှိပါတယ်။အလုပ်ထဲမှာ အနှိမ်ခံရတာမျိုး ရှိသလို။ အိမ်ဖော် လုပ်တဲ့ အမျိုးသမီးကလေး တစ်ဦးက ကျွန်မကို ပြောပြဖူးတာဆိုရင် အလုပ်တွေ မတရား ခိုင်းလွန်းလို့ အဲလောက် မလုပ်နိုင်ဘူးလို့ သူပြန်ပြောမိတော့ နင်တို့ ဗမာတွေ ငါ့တို့ကို စစ်လာတိုက် နှိပ်စက်ခဲ့လို့ အခုလို လာကျွန်ခံရတာ ဝဋ်လည်တာ မငြီးနဲ့လို့တောင် ပြောပါတယ်တဲ့။ တချို့ ကံကောင်းတဲ့ သူတွေကတော့ အလုပ်ရှင် ကောင်းတွေ့တတ်ပါတယ်။ ဒါပေမယ့် ကံကောင်းသူနဲ့ ကံဆိုးသူ လောကမှာ ကံဆိုးသူက များတယ် မဟုတ်လား။ အရိုးသီချင်းထဲကလို ဖော်ရိန်းသွားပေမယ့် လူလည်အာရှသား မြန်မာတွေ
သူများနိုင်ငံမှာ မထည်ဝါနိုင်ခဲ့ပါဘူး။
နောက်ထပ် လုပ်ငန်းခွင် ဒုက္ခတွေ အပြင် လမ်းပေါ်မှာ ထိုင်းရဲကိုလည်း ကြောက်ကြ ရပါသေးတယ်။ကျွန်မ ကျောင်းသားတစ်ယောက်က ကျွန်မကို ပြောဖူးတယ် ဆရာမ လမ်းလျှောက် ATM တွေကို သိလားတဲ့။ ကျွန်မက အထူးအဆန်းပါလား ဆိုတော့ ထိုင်းရဲတွေ အတွက်တော့ ကျွန်တော်တို့ ဗမာပြည်သားတွေက လမ်းလျှောက် ATM ပါပဲ အချိန်မရွေး ငွေခေါ်ထုတ်လို့ ရတယ်တဲ့လေ။
အဲဒီလို အခက်အခဲတွေ ကြားက ကြိုးစားရုန်းကန်ရင်း ပညာလညှ်းရှာဖို့ ကြိုးစားနေကြရတဲ့ သူတို့တွေရဲ့ ဘဝရဲ့ အားမာန်တွေကို လေးစားမိပါတယ်။ တကယ်တော့ ဘယ်သူက ဒီလို နေချင်မှာတဲ့လဲ။ မိဝေး၊ ဖဝေး၊ ဘဝ လုံခြုံမှု မပေးနိုင်တဲ့ တစိမ်းတို့ရဲ့ အလည်မှာ ၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ကြုံလာသမျှ ပြဿနာတွေကို ခါးစီးခံရင်း မပြေလည်တဲ့ မိသားစု အရေးကြောင့်သာ သူတို့ ခွဲခွာပြီး ရုန်းကန်ကြိုးစားရှာတာပေါ့။ ရွေ့ပြောင်း အလုပ်သမားတွေမှာ တိုင်းရင်းသား စုံပါတယ်။ ကချင်၊ ရှမ်း၊ ကရင်၊ မွန် တွေက အများဆုံးပါပဲ။ အခုတော့ ထိုင်းကို မြန်မာပြည်က အလုပ်သမား ဝန်ကြီးလာပြီး ညှိနှိုင်းဆောင်ရွက်
ပြီးတဲ့နောက် နဲနဲတော့ အရင်ကထက်စာရင် အခြေအနေ ကောင်းလာသလို ရှိလာပါတယ်။
မြန်မာပြည်မှာ ကျန်ခဲ့ရတဲ့ မိသားစုတွေရဲ့ ဘဝကရော ပူဆွေးမှုတွေနဲ့ပါ။ ကျွန်မ ပြည်တွင်းပြန် အလုပ်လုပ်တော့ နယ်တွေကို စာသွားသင်ရတော့ မွန်ရွာလေး တစ်ရွာကို ရောက်ခဲ့ပါသေးတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အကြောင်း စာသင်ရင်း ရှင်တို့ရွာမှာရော ဘာအခက်အခဲတွေ မပြေလည်တာတွေ ရှိလဲလို့ စကားစတော့ ရွာသား တစ်ယောက်က ပြောလာတယ်။ အထီးကျန် ဆန်တဲ့ ပြဿနာက အကြီးဆုံးပါတဲ့။ သူပြောချင် တဲ့ အဓိပ္ပါယ်က ရွာကနေ ထွက်ပြီး ထိုင်းမှာ မလေးရှားမှာ အလုပ်သွားလုပ် နေကြရလို့ ရွာမှာ အဘွားကြီး အဖိုးကြီးနဲ့ ကလေးတွေ၊ ကလေးအမေ နဲနဲ ဒါပဲ ရှိတော့တယ် ဆရာမရယ်တဲ့။ သင်္ကြန်လိုအချိန် ပြန်လာလည်ရင် ရွာမှာ သိပ်ပျော်စရာ ကောင်းသလောက် တခြားအချိန်ဆို တိတ်ဆိတ်ပြီး အထီးကျန် ဝေဒနာကို လူတိုင်း ခံစားနေရတာပါတဲ့။ သူစကားကြောင့် ရင်ထဲမကောင်းလို့ ကျွန်မ ချက်ချင်းတောင် စကားပြန်မပြောနိုင်ပါဘူး။
တကယ်လို့သာ ကျွန်မတို့ နိုင်ငံ စီးပွားရေးအခြေအနေ ကောင်းရင် အခုလို ဖြစ်ပါတော့မလား.. ကျွန်မတို့ စီးပွားရေး အခြေအနေ ဦးမော့လာဖို့ ပြည်တွင်းစစ်တွေ မရှိဖို့ ၊ နိုင်ငံရေးမှာ လည်း တည်ငြိမ်ဖို့ လိုပါတယ်။ ဒါမှလည်း ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်းရော၊ နိုင်ငံတကာကရော စီးပွားရေး လုပ်ငန်းရှင်တွေ က အလုပ်လုပ်ရဲမယ်။
စီးပွားရေး လုပ်ငန်းတွေ များလာ၊ အဆင်ပြေလာတာနဲ့ အမျှ ဝင်ငွေလည်ပတ် စီးဆင်းမှုလည်း မှန် လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လာမယ်။ ရေမြင့် ကြာတင့်ဆိုသလို တဖက်က ပညာရေးနဲ့ ကျန်းမာရေးမှာပါ အခြေအနေ ပိုကောင်းလာမှာပါ့။ တကယ်တော့ ကျွန်မ တို့ နိုင်ငံ သူများထက် နောက်ကျ ကျန်နေခဲ့လို့သာ သူများ နိုင်ငံကို ထွက် အလုပ်လုပ် ကြရတာပေါ့။

ကျွန်မတို့ သူတပါး နိုင်ငံမှာ မျက်နှာမငယ်ဖို့ အိမ်ပြန်ချင်တဲ့ သူတွေရဲ့ စိတ်ထဲမှာ ရွှေပြည်တော် မျှော်လေတိုင်း မဝေးစေဖို့ ... တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်လာစေဖို့ ဆုတောင်းရင်း ...နိုင်ငံအစိုးရနဲ့အတူ နိုင်ငံသားတိုင်း ကြိုးစားဖို့လည်း လိုပါလိမ့်မယ်...
ခင်မင်စွာဖြင့်
အလွမ်းပြေ
Friday, January 13, 2012
လွတ်လပ်ခြင်းနှင့်ပျော်ရွှင်ခြင်းရဲ့ အရသာ
10:49 AM | Posted by
အလွမ်းပြေ |
Edit Post
ဒီကနေ့ဟာ ကျွန်မဘဝမှာ ပျော်ရွှင်ခြင်းနဲ့ လွတ်လပ်ခြင်း အရသာကို ကောင်းကောင်း ခံစားမိတဲ့ နေ့လို့ ဆိုလိုက်ချင်ပါတယ်။ ပြီးသွားတဲ့ လွတ်လပ်ရေးနှစ်ပတ်ည်နေ့ကတောင် လွတ်လပ်မှု အရသာကို ဒီနေ့လို မခံစားမိ ပါဘူး။
သမ္မတကြီးက နိုင်ငံတော် တည်ငြိမ်
အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊
အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်ရယ် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်ရယ်၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်တဲ့။
လွတ်မြောက်လာတဲ့ နိုင်ငံနဲ့ လူမျိုး အတွက် ကိုယ့်အသက်တာမှာ စတေးခံခဲ့ကြတဲ့ သူတွေနဲ့ သူတို့ကို ကြိုလင့်နေသူတွေရဲ့ တွေ့ဆုံတွေကို စောင့်ကြည့်ရင်း ကိုယ်ပါ မျက်ရည်ကျတဲ့ အထိ ပျော်ရွှင်ရပါတယ်။
ကျွန်မတို့ ဘဝ တစ်သက်တာမှာ ကြောက်ရွံ့ခြင်းဆိုတာ အတူကပ်ပြီး မွေးဖွားလာ သလား လို့တောင် ထင်ရပါတယ်။ နိုင်ငံသားတစ်ယောက် ဖြစ်ပါရဲ့ နိုင်ငံရေးဆိုတာ မစားကောင်းတဲ့ အသီး မပြောကောင်းတဲ့အရာ၊ ထောင်ဆိုတာ ဒေါ်လာတစ်ရွက် လက်ထဲ ရှိရုံနဲ့တောင် ရောက်နိုင်တဲ့ နေရာ၊ ကျွန်မ ကရင်လူမျိုး တစ်ယောက်ဖြစ်ပြီး ကိုယ့် လူမျိုးတွေ ရှိတဲ့ နယ်တွေကိုတောင် သွားလည်ဖို့ အနက်ရောင် နယ်မြေမို့ စိတ်မချရတဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ယုံကြည်ချက်နဲ့ ရုန်းထွက်ဖို့ ကြိုးစားသူတွေ.. တစ်ယောက်ပြီး တစ်ယောက် ထောင် ထဲမှာ အပြင်က မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ဆွေမျိုးတို့ရဲ့ မျက်ရည်တွေ ဒါတွေအားလုံး ကျွန်မ ပတ်ဝန်းကျင်မှာ အမြဲကြုံနေခဲ့ရတာပါ။

ရွေးကောက်ပွဲအပြီးမှလည်း ဒီမိုကရေစီစနစ်ကို မူအရ ပိုင်ပြီဆိုပေမယ့် လူကိုတော့ စိတ်မချဖြစ်မိတာ အမှန်ပါပဲ။ စိတ်ထဲမှာ ယုံကြည်မှုက ဒီဂရီ သိပ်နည်းသလို ခံစားရပါတယ်။ အဲဒီမှာ ကျွန်မကိုယ်ကျွန်မ သတိထားမိတာ တစ်ချက်က စိတ်ခံစားချက်အကြောင်းပါ။
ကျွန်မနိုင်ငံရေး အကျဉ်းသားတွေ အကြောင်းတွေးရင် တွေးမိတာက တချို့က ကိုယ့်ယုံကြည်ချက်အတွက် ကြိုးစားရင်း လူထောင်ကျနေတယ်။ ကျွန်မတို့လည်း ကိုယ်နိုင်ငံကို အစိုးရကို ကိုယ်မယုံကြည်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ခံစားချက်ဆိုတာမျိုးနဲ့ ဒီနိုင်ငံသားဖြစ်ပြီး ဒီနိုင်ငံ အချုပ်အချာ အာဏာထဲမှာ
လုံခြုံမှုနဲ့ လွတ်လပ်မှုကို မခံစားရတာ တနည်းပြောရရင် စိတ်ဓာတ်ရေးအရ
ထောင်ချခံနေရသလိုပါပဲ။
ထို့အတူ အစိုးရ၊ အထူးသဖြင့် သမ္မတကြီး ကိုယ်တိုင်လည်း ကိုယ့်နိုင်ငံသားတွေရဲ့ ချစ်ခင်မှုနဲ့ ယုံကြည်မှုကို မရတာ သူ့ကိုယ်သူ စိတ်ဓာတ်ရေးရာ ထောင်ချထားသလိုပါပဲလို့ တွေးနေမိတယ်။ ခုတော့ ကျွန်မ ယုံကြည်ပါပြီ။ ယုံကြည်ခြင်းနဲ့အတူ စစ်မှန်တဲ့ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်း အရသာကို ကျွန်မ ခံစားရပါပြီ။
ကျွန်မတို့ ဘဝမှာ နိုင်ငံတစ်ခုလုံး တစ်နိုင်ငံသားလုံး အတူ ခံစားရတဲ့ ပျော်ရွှင်ခြင်း ဆိုတာကို ကျွန်မတို့ ခံစားရပါပြီ။ လွတ်မြောက်လာတဲ့ သူတွေ၊ ငြိမ်ချမ်းရေး လက်မှတ်ထိုးပွဲတွေက ကျွန်မတို့ကို အဲဒီလို ခံစားမှုကို ပေးလိုက်ပါပြီ။
ပြည်တွင်း စစ်ပွဲတွေ ရပ်ဖို့ ငြိမ်းချမ်းရေး ချိုးကူသံတွေကိုလည်း ကျွန်မတို့ ဒီရက်ပိုင်းတွေမှာ ကြားနေရပြီ။ ယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်ရင်း သံတိုင်တွေခြားလို့ ခွဲခြားနေရတဲ့ သူတွေနဲ့ မိသားစု ဆွေမျိုးတွေလည်း အပြုံးတွေ အနမ်းတွေနဲ့ ပြန်ဆုံကြရပြီ။
ပြည်သူချစ်တဲ့ အန်တီစုလည်း နိုင်ငံအကျိုးအတွက် လှုပ်ရှားလုပ်ကိုင် တက်ကြွ ပျော်ရွှင်နေပြီ။ သမ္မတကြီးကိုလည်း ပြည်သူတွေက ချစ်ခင်ကောင်းချီးပေးနေကြပြီ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ တိုးတက် ပြောင်းလဲလာတဲ့ အခြေအနေကို စောင့်ကြည့် အားပေး ကူညီနေကြပြီ။ မင်္ဂလာအချိန် အခါပါပဲ။
နှစ်ပေါင်းများစွာ တိုင်းပြည်နုနု မုန်တိုင်းထန်ထန်နဲ့ ဖြစ်လာခဲ့ကြတဲ့ ပြည်တွင်း စစ်ပွဲတွေရပ်လို့ ကိုယ့် သွေးချင်းသားရင်း နိုင်ငံသား အချင်းချင်းတွေရဲ့ သွေးမြေကျစေတဲ့ လုပ်ရပ်တွေကို ရပ်ပြီမို့ အဲဒီနေရာမှာ သုံးတဲ့ အားတွေ၊ ချွေးတွေကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်ဖို့ အတွက် သုံးကြပါစို့။ မပြေလည်တာတွေ ရှိခဲ့ရင်လည်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဆွေးဆွေးနွေးနွေးနဲ့ တိုင်ပင် ညှိနှိုင်းကြပါစို့။
ပြည်တွင်း၊ ပြည်ပ ၊ အတိုက်အခံ၊ ထောက်ခံသူတွေဆိုပြီး ကွဲပြားမနေဘဲ ဒီမိုကရေစီရဲ့ အနှစ်သာရအဖြစ် မတူညီတဲ့ အမြင်တွေကို စုစည်းပြီး ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ရန်ဖက်ပြိုင်မနေဘဲ
မတူညီခြင်းကနေ ရတဲ့ ပိုကောင်းတဲ့ စုစည်းမှုအင်အားတွေဖြစ်အောင် လုပ်ရင်း တိုင်းပြည် ကမ္ဘာအလည်မှာ ရှေ့ကို
ရောက်ဖို့ ကြိုးစားရအောင်လား။
ဒီမိုကရေစီ စနစ်နဲ့ တိုးတက်တဲ့ တိုင်းပြည်ဆိုတဲ့ ပန်းတိုင်ဆီကို မူအားဖြင့်ရော လူအားဖြင့်ရော ရောက်အောင် သွားဖို့ ကျွန်မတို့ မြန်မာနိုင်ငံသား အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။
ပြည်တွင်းစစ်တွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကျွန်မတို့ တိုင်းပြည် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ကမ္ဘာနဲ့ ယှဉ်ရင် အနောက်ဖက်မှာ ကျန်နေတာ အားလုံးအသိပါ..
ပြည်တွင်းစစ်တွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကျွန်မတို့ တိုင်းပြည် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ကမ္ဘာနဲ့ ယှဉ်ရင် အနောက်ဖက်မှာ ကျန်နေတာ အားလုံးအသိပါ..
နောက်ထပ် တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ပြီး ရင့်ကျက်တဲ့ ဒီမိုကရေစီစနစ်ဖြစ်လာပြီး တည်တံ့နေဖို့က ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အပေါ် အများကြီးမူတည်ပြီး ကျွန်မတို့ အားတွေ အများကြီးလိုပါလိမ့်မည်။
နိုင်ငံသားကောင်း တွေရဲ့ အမူအကျင့်တွေ အယောက်စီတိုင်း ကျင့်ကြံနိုင်ဖို့ ရှေ့လျှောက် ကြိုးစားရပါလိမ့်မည်။
ပြည်သူအားတွေ အများကြီးလိုပါသည်... ကျွန်မတို့ စစ်မှန်တဲ့ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းရဲ့ အရသာကို ခံစားဖို့၊ အနာဂတ် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ခဲ့ဖို့ ဆက်ပြီး ကြိုးစားရပါလိမ့်ဦးမည်။
နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့အလည်မှာ ဝင့်ထည်နိုင်ဖို့က နိုင်ငံအစိုးအရအပြင် ပြည်သူတစ်ရပ်လုံး၊ နိုင်ငံသားတိုင်းရဲ့ နိုင်ငံသား တာဝန်ကျေဖို့ ကြိုးစားဖို့ လိုပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တက်ညီ လက်ညီ ကြိုးစားကြပါစို့လား။
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ဖတ်စာအုပ်ထဲက ကဗျာလေးအတိုင်းပါပဲ..
ချစ်သောကျွန်မတို့ မြန်မာနိုင်ငံတော်ကြီးအတွက်...ကမ္ဘာ့အလည်မှာ ရှေ့တန်းရောက်ဖို့ .. တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ ...အားလုံး ပြိုင်တူတွန်းလိုက်ကြစို့..
နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့၊ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့အလည်မှာ ဝင့်ထည်နိုင်ဖို့က နိုင်ငံအစိုးအရအပြင် ပြည်သူတစ်ရပ်လုံး၊ နိုင်ငံသားတိုင်းရဲ့ နိုင်ငံသား တာဝန်ကျေဖို့ ကြိုးစားဖို့ လိုပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တက်ညီ လက်ညီ ကြိုးစားကြပါစို့လား။
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ဖတ်စာအုပ်ထဲက ကဗျာလေးအတိုင်းပါပဲ..
ဇွန်ပန်းရုံအနီး
နွံ့ထဲ၌လှည်းဘီး ကျွံ့နေသည်၊
ကူ၍တွန်းပေးကြပါ၊
လေးလွန်း၍ မတွန်းနိုင်ဘူးလား၊
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်။
ကျွန်မ စိတ်ထဲက နှစ်နှစ်ကာကာ ပြောချင်တာက .. ဒီနေ့ သိပ်ကို ပျော်ရွှင် လွတ်လပ်နေပါသည်။ ချစ်သောကျွန်မတို့ မြန်မာနိုင်ငံတော်ကြီးအတွက်...ကမ္ဘာ့အလည်မှာ ရှေ့တန်းရောက်ဖို့ .. တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ ...အားလုံး ပြိုင်တူတွန်းလိုက်ကြစို့..
ခင်မင်စွာဖြင့်
အလွမ်းပြေ
(၁၃.၁.၂၀၁၂)
မှတ်ချက်။ ။ အသုံးပြုထားသော ပုံများမှာ The Voice Weekly ဂျာနယ် Facebook စာမျက်နှာနှင့် Ko Nanda(New World) Facebook စာမျက်နှာမှ ဖြစ်ပါသည်။
မှတ်ချက်။ ။ အသုံးပြုထားသော ပုံများမှာ The Voice Weekly ဂျာနယ် Facebook စာမျက်နှာနှင့် Ko Nanda(New World) Facebook စာမျက်နှာမှ ဖြစ်ပါသည်။
Tuesday, January 10, 2012
၁၀၇.၆ ဒီဂရီ ဖာရင်ဟိုက်
5:05 PM | Posted by
အလွမ်းပြေ |
Edit Post
အကြင်သူ
နှလုံးသား နာဖျားနေရှာတယ်။
ဦးနှောက် အတွေး
မျက်စိ အမြင်
နှလုံးသား အချစ်
လျှာဖျား စကား
နှုတ်ခမ်း အပြုံး
ယုံတမ်း ပုံပြင်
လှည်စားခြင်း မာယာနဲ့
အထီးကျန် တိမ်တိုက်
ယိမ်းနွဲ့ပါး ဓါးသွားနဲ့
နွယ်တစ်ပင်
ပြတ်ရွေ့ခြင်းနဲ့
မီးတောင် ချှော်ရည်ပူ
ဒီကမ္ဘာမှာ
မျှော်လင့်ခြင်းဆိုတာ
ကြည်လင်ခြင်း ကောင်းကင်ပြာပြာ
ပျော်ရွှင်ခြင်း နေခြည်နွေးနွေး
ချိုမြိန်ခြင်း ပန်းသီးလေး
ဖြူစင်ခြင်း စံပယ်ပွင့်ဝေ
တကယ်တော့
အစစ်အမှန်ဆိုတာ အတုအယောင်ပဲလို့
သူသိသွားတဲ့တစ်နေ့ကစ
ကုရာနတ္ထိ ဆေးမရှိ
သေဆုံးမယ့် ရက်ကို စောင့်ရင်း..
တမြေ့မြေ့လွမ်းရင်း...ကြွမ်းရင်း..
နားမလည်မှုများကို စာဖွဲ့..
အကြင်သူ၏
နှလုံးသား နာဖျားနေတယ်။
အလွမ်းပြေ
Monday, January 9, 2012
မြန်မာ နိုင်ငံသားများအတွက် ပညာသင်ဆုများ
7:53 AM | Posted by
အလွမ်းပြေ |
Edit Post
ပြည်ပ တက္ကသိုလ်များမှာ ဆက်လက် ပညာသင်ကြားလိုကြတဲ့ မြန်မာနိုင်ငံက လူငယ်များအတွက် ပညာသင်ဆု နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို စုစုစည်းစည်း လေးဖြစ်အောင် စုစည်းထားပေးရင်း ကျွန်မဆီကို ကျောင်းလျှောက်ဖို့ ဘယ်လို ပြင်ဆင်ရမလဲ အကြံပေးပါဦး ဆိုတဲ့ စာတွေ ရောက်ရောက်လာတတ်တာမို့ အဲဒီ ပေးခဲ့ဖူးတဲ့ အကြံ ဥာဏ်လေးတွေကို လည်း စုစည်းပြီး ပိုစ်လေး တစ်ခု ကို ခရီး မထွက်ခင် အပြေးအလွှား ရေးလိုက်ပါတယ်။
ဘွဲ့ကြို (Bachelor ) နဲ့ ဘွဲ့လွန်( Master ) ၊ ဒေါက်တာလွဲ့ (PhD)
ဘွဲ့ကြိုတန်း တက်ဖို့ ရည်ရွယ်တယ်ဆိုရင်တော့ မြန်မာနိုင်ငံတက္ကသိုလ် တစ်ခုခုမှာ ဒုတိယနှစ်လောက် အထိ တက်ပြီး ဖြစ်နေရင် ပိုကောင်း ပါတယ်။ ဘာလို့လဲ ဆိုရင် နားလည် လွယ်အောင် အရှင်းဆုံး ပြောပြ ရရင် ကျွန်မတို့ အထက်တန်းပညာရေးစနစ်မှာ ဆယ်တန်းအထိပဲ ရှိပြီး တခြားနိုင်ငံတွေက ၁၂ တန်းအထိ ရှိနေလို့ပါပဲ။ ဆယ်တန်းအထိပဲ အောင်တယ် ဆိုရင်တော့ ကျောင်းဝင်ခွင့် ရဖို့ အတွက် ကိုယ်လျှောက် ထားတဲ့ ကျောင်းက ဖြေခိုင်းတဲ့ ဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ စာမေးပွဲ၊ ဥပမာ GED Test လိုမျိုးကို ဖြေဆိုအောင်မြင်ဖို့ လိုပါတယ်။
ဘွဲ့လွန်တန်း အတွက်ကတော့ မြန်မာနိုင်ငံက သုံးနှစ်နဲ့လေးနှစ်တက်ရတဲ့ ဘွဲ့တွေကို အသိအမှတ်ပြု ပါတယ်။ ကျောင်းလျှောက်တဲ့ အခါ တက်ခဲ့တဲ့ နှစ်တွေတိုင်းရဲ့ Grade တွေကို တောင်းလေ့ ရှိတာ တွေ့ရ ပါတယ်။ ဒီပလိုမာတန်းတွေ ကိုတော့ အသိအမှတ် မပြုတာ သတိထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံက ဘွဲ့အပြင် IELTS၊ TOFEL အစရှိတဲ့ English Test ဖြေဆိုထားဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ခုက ကိုယ်စိတ်ဝင်စားပြီး သီးစစ်အတွက် လေ့လာချင်တဲ့ အကြောင်းအရာကိုပါ တင်ပြရလေ့ရှိပါတယ်။
ဒေါက်တာဘွဲ့ကတော့ ဘွဲ့လွန်တန်းပြီးပြီးသူတွေ လျှောက်လို့ရပါတယ်။ လိုအပ်ချက်တွေကတော့ ကိုယ်လျှောက်တဲ့ ကျောင်းအပေါ်မူတည်ပြီး အနည်းအများ ကွာဟချက်လေးတွေ ရှိတတ်ပေမယ့် အခြေခံအားဖြင့်တော့ အထက်က ပြောပြခဲ့တဲ့ အချက်တွေကို ပြင်ဆင်ထားရင် အဆင်ပြေပါတယ်။
ကျောင်းနဲ့ တက်ရမယ့် ဘာသာရပ် ရွေးချယ်မှု
၁။ ကိုယ်ဘယ်ဘာသာရပ်ကို စိတ်ဝင်စား လေ့လာချင်တာပါပဲ။
ဒီအချက်က သိပ်အခြေခံကျပြီး အရေးကြီးလှပါတယ်။ နှစ်တွေ အများကြီး ကိုယ်အချိန်တွေနဲ့ စိတ်အား လူအားသုံးပြီး လေ့လာဆည်းပူးရမှာ ကိုယ့်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ် ဖြစ်နေဖို့ လိုပါတယ်။ ဒီမေးခွန်းကို ကျွန်မတို့ မြန်မာနိုင်ငံက ကျောင်းသားတွေ ( လူတိုင်းကို မဆိုလိုပါ) ကို မေးကြည့်လိုက်ရင် ဘာဖြစ်ဖြစ် လျှောက်လို့ရတဲ့ ကျောင်းပေါ့လို့ ဖြစ်တတ်တာ များပါတယ်။ တကယ့်လက်တွေ့မှာ ကိုယ့်ဝါသနာ နဲ့ ကိုက်ညီတဲ့ ဘာသာရပ် မဟုတ်ရင် အကျိုး မရှိဖြစ်တတ် တာကြောင့် ဘယ်ဘာသာရပ်တွေကို ဘယ်ကျောင်းတွေက ပေးနေတယ် ဆိုတာကို သေချာလေ့လာပြီး၊ ဘာသာရပ်တွေကို မြည်းစမ်း ဖတ်ရှုပြီးမှ ကိုယ်တကယ် စိတ်ဝင်တစား လေ့လာချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။
၂။ ကျောင်းပြီးရင် ဘယ်အလုပ်အကိုင်မျိုးကို ကိုယ်လုပ်ချင်တာလဲ။
ဒီတစ်ခုက ဘာသာရပ်နဲ့ ကျောင်း ရွေးချယ်မှု၊ ဘာသာရပ်ရွေးချယ်မှုအပြင်၊ သီးစစ်အတွက် ရီဆက်ပေပါရေးရာမှာေ လ့လာမယ့် နယ်ပယ်ရွေးချယ်ရာမှာ ကိုယ်ကျောင်းပြီးရင် ဘာလုပ်ချင်တာလဲ ဆိုတဲ့ အချက်ကို ထည့်စဉ်းစားသင့်ပါတယ်။
ကျောင်းလျှောက်လွှာ(Application)၊ထောက်ခံစာ(Recommendation Letters) နဲ့စာစီစာကုံး ( Essay)
ကျောင်းလျှောက်လွှာဖြည့်ရာမှာ လျှောက်လွှာပါ အချက်တွေကို သေသေချာချာ နားလည်အောင် ဖတ်ပြီး ဖြည့်ပါလို့ ပြောချင်ပါတယ်။ အမှားအယွင်းကင်းလေ ကိုယ့်အတွက် ကောင်းလေပေါ့။ ဒါက ပြိုင်ပွဲ တစ်ခုပါပဲ။ လူအများကြားက ကိုယ့်ကို ရွေးချယ်ဖို့လိုတာကိုး။
ကိုယ်ရေးအချက် အလက်ဖြည့်စွက်ရာမှ ဖြစ်နိုင်ရင် ရိုးသားပါ နောက်မှ ရှေ့ကဖုံး နောက်ကပေါ် ဖြစ်ရင် မကောင်းပါဘူး။ အဲဒီ အပေါ် မူတည်ပြီး ထောက်ခံစာရေးပေးမယ့် ပုဂ္ဂိုလ်ကို အခြေခံရွေးချယ်ရမှာကိုး။
ထောက်ခံစာအတွက် ကိုယ့်လုပ်ငန်းအတွေ့အကြုံမှာ ဖြည့်ထားတာနဲ့ ကိုက်ညီရင် ပိုကောင်းပါတယ်။
ထောက်ခံစာ ကို ၂ စောင်နဲ့ သုံးစောင် အထိ တောင်းတတ်တာ တွေ့ရပါတယ်။ ဖြစ်နိုင်ရင် ကိုယ် တက်ခဲ့တဲ့ ကျောင်းက ဆရာ၊ အလုပ်က အကြီးအကဲနဲ့ နောက်ထပ် ကိုယ် ပါဝင်လှုပ်ရှားနေတဲ့ လူမှုရေး အသင်းအဖွဲ့ ဖြစ်ဖြစ်၊ ကိုယ့် Community Leader တစ်ယောက်ယောက် ဆီက ဖြစ်ဖြစ် တောင်းနိုင်ရင် အရမ်း ကောင်းပါလိမ့်မယ်။
Research Interest ကိုရေးရာမှာတော့ ဘာကြောင့် ကိုယ့်လေ့လာချင်တယ်။ ပြဿနာကဘာ၊ ဘယ်လို အရေးကြီးတယ်။ ဒီဟာကို လေ့လာလိုက်ရင် အနာဂတ် ပညာရေး၊ လူမှုအဖွဲ့အစည်း စတာတွေ ကို ဘယ်လို အကျိုးရှိစေမယ် ဆိုတာတွေနဲ့ ကိုယ်တကယ် လေ့လာနိုင်စွမ်းရှိတယ် ဆိုတာကို ပေါ်လွင်အောင် ရေးသားရပါမယ်။ ဒီနေရာမှာ ကိုယ့်လျှောက်တဲ့ကျောင်းက ပရော်ဖက်ဆာတွေဟာ ကိုယ့်ကို ကျောင်းဝင်ခွင့် ပေးဖို့ ရွေးချယ်ကြမယ့် သူတွေထဲမှာ ပါသူတွေပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ လျှောက်လွှာက သူတို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးသူဆိုတာပါပဲ။ ဒါကြောင့် ကိုယ့် လျှောက်မယ့် ကျောင်းရဲ့ Website ထဲကို ဝင်ပြီး ဘာတွေ ဘယ်လို လေ့လာနေကြတယ်။ ဘယ် Issue တွေကိုဖြင့် သူတို့ စိတ်ဝင်စာနေကြတယ်ဆိုတာ အထာသိအောင် ဝင်ပြီး မွှေနှောက်ကြည့်ပြီး ရေးဖို့ အိုင်ဒီယာ ရနိုင်ပါသေးတယ်
စာစီစာကုံးရေးတဲ့ နေရာမှာ တော့ ရှေ့နောက်ကျိုးကြောင်းဆီလှော်မှု (logical)၊ ဖန်တီးဆန်သစ်မှု (creative) ဖြစ်မှုနဲ့ နဲ့ ရိုးသားမှု ရှိဖို့လိုပါတယ်။ ကိုယ် တကယ် လုပ်ခဲ့၊ သိတဲ့ တတ်တဲ့ အရာတွေကို ရဲရဲ ဝံ့ဝံ့ ဖော်ပြဖို့လိုသလို ကိုယ့် အားနည်းချက်ကိုတော့ မဖော်ပြသည့်တိုင် လိမ်ညာ ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ လောကမှာ ပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး။ ရင့်ကျက်မှု၊ ရဲရင့်ပြတ်သားမှု၊ ကိုယ့်ရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ မျှော်လင့်ချက်တွေကို ပေါ်လွင်အောင် ကြိုစားရေးပါ။ ဒီနေရာမှာ ဘာလို့ ရိုးသားပါလို့ ကျွန်မ အကြံပြုရသလဲရင် ကိုယ့်ရဲ့ ဒီ လျှောက်လွှာတွေ၊ ထောက်ခံစာနဲ့ စာစီစာကုံးတွေကို အခြေခံပြီး လူတွေ့ စစ်ဆေးတဲ့ အခါမှာ စစ်ဆေးတဲ့ သူတွေက မေးခွန်းတွေ မေးကြမှာပါ။ အဲဒီအခါ ကိုယ့်ရဲ့ မရိုးသားမှုကို သူတို့ ရှာဖွေ တွေ့ရှိသွားနိုင်ပါတယ်။ သူတို့က ဒီလို လျှောက်ထားသူပေါင်း များစွာရဲ့ အထာကို ကျေညက်နေတဲ့ သူ ၊ လူပေါင်းများစွာကို လူတွေ့ စစ်ဆေးဖူးတဲ့ သူတွေပဲဆိုတာ မေ့မထားပါနဲ့။ မတတ်ရင် သင်ပေးလို့ရတယ် ပင်ကိုယ်စိတ် မရိုးသားရင် ဘာသင်ပေးပေး အဆိပ်ဖြစ်တယ် ဆိုတဲ့ စကားရှိတယ် မဟုတ်လား။
ဒါပေမယ့် ကိုယ်ရဲ့ အားသာချက်နဲ့ တန်ဖိုးကိုတော့ ပီပီပြင်ပြင် ပေါ်လွင်အောင်ရေးဖို့ သေသေချာချာ ကြိုးစားစေချင်ပါတယ်။လူအများကြီးထဲကမှကိုယ့်ကိုဘာလို့ပညာသင်ဆု ထောက်ပံ့ ပေးသင့်တယ်ဆိုတာ
ပေါ်လွင်နေရပါမယ်။ပညာသင်ဆုလျှောက်ထားတဲ့ နေရာမှာ လုပ်ငန်းအတွေ့အကြုံရှိခြင်းကလည်း အရေးပါတဲ့ အကြောင်းအရာ တစ်ခုပါ။
လုပ်ငန်းအတွေ့အကြုံရှိခြင်းက ကိုယ်တိုင် ကြိုးစားတဲ့ သူတစ်ယောက် ဆိုတာရယ်၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ပတ်ဝန်းကျင်ကို အမှန်တကယ် အကျိုးပြုချင်တဲ့ သူ ဟုတ်မဟုတ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် လုပ်ငန်းအတွေ့ အကြုံရှိဖို့ အထူးလိုအပ်သလို မရှိတာကို အရှိ လုပ်ရေးခဲ့ရင်လည်း လူတွေ့စစ်ဆေးမှုမှာ အောင်မြင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ပညာသင်ဆုလျှောက်ဖို့ ရည်ရွယ်ချက်ရှိရင် အင်္ဂလိပ်စာအရည်အချင်းအပြင် လုပ်ငန်းအတွေ့အကြုံကိုပါ တစ်ပါတည်း ရှာထားဖို့ အကြံပြုချင်ပါတယ်။ဒီလင့်လေးတွေမှာလို ကျောင်းဝင်ခွင့်ရ စာစီစာကုံးတွေကို ရှာဖွေဖတ်ရှု လေ့လာကြည့်ပြီး သေချာ လေ့ကျင့်ရေးသားပါလို့ အကြံပြုချင်ပါတယ်။
မြန်မာ နိုင်ငံက ကျောင်းသားတွေကို ပညာသင်ဆုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေကို ကျွန်မ လက်လှမ်းမီသလောက် ၊ သိသလောက်က ...
The Heinrich Böll Stiftung (hbs) Foundation
ဒီဖောင်ဒေးရှင်းက ပေးနေတဲ့ ပညာတော်သင်ဆုတွေကတော့..

Master of Arts in International Development Studies (MAIDS), Chulalongkorn University in Bangkok, Faculty of Political Science (1 academic year), download application form here (application deadline March 2012)
Master of Arts in Sustainable Development,
Chiang Mai University, at the Regional Center for Social Science and
Sustainable Development (RCSD), Faculty of Social Sciences (2 academic
years), download application form here (application deadline 31.01.2012)
Submission deadline 15 March 2012
Prospect Burma runs an annual scholarships competition. There is intense demand for our scholarship awards, and incomplete or badly completed applications are likely to be rejected immediately. Please ensure that you submit your application by the deadline of 15 March 2012. Applications received after that date will not be considered.
• Full guidance notes and application forms are on the Scholarship Applications page of this website. Please read all the guidance carefully before completing your form.
• There are three application forms: a shortened one for continuing students who received a Grant from us in 2011; and two for other applicants (one for those wishing to study in Southeast Asia or Hong Kong and one for alll others). Make sure you select the correct one
If you received a grant from Prospect Burma in 2011 and are seeking continued funding, you must submit a study report on your experiences during the 2011-12 academic year. We will not award a new grant without it. Please use the Study Report Template, which you will also find on the Scholarship Applications page of this website.
Click on the following link for access to Guidance and forms:
Prospect Burma Scholarship Applications for 2012: information and forms
နောက်ထပ် ပညာသင်ဆုများစွာလည်း ရှိပါသေးတယ်။ အထက်က ဖော်ပြပေးထားတာတွေက အခုလောလောဆယ်လျှောက်ခွာခေါ်နေတာတွေပါ။
နောက်ထပ် ကိုယ့်နဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေ ဘယ်ဘာသာရပ်တွေနဲ့ ဘယ်တက္ကသိုလ်တွေက ခေါ်နေတယ်။ ဘယ်လို လျှောက်ထားရမယ်ဆိုတာတွေကို စုံစုံလင်လင်မပြတ်သိချင်သေးရင် Myanmar Study Aboard ဆိုတဲ့ Website မှာ သွားဆက်ကြည့်လို့ရပါသေးတယ်။
အကြံပေးချက်တွေကို ကျွန်မ စဉ်းစားလို့ ရသလောက် ချရေးထားတာ ဖြစ်တဲ့အတွက် စာဖတ်သူတွေ ထဲက ထပ်ဖြည့်ပေးချင်တဲ့ အချက်လေးတွေရှိရင် ဖြစ်ဖြစ်၊ အချက်လေးတွေ ပြင်ဆင်ပေးချင်တာပဲ ဖြစ်ဖြစ် ကွန်မန့်မှာ ဝင်ရေးသွားဖို့ ဖိတ်ခေါ်ပါရစေရှင်။
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အခု လက်ရှိ ဒီမိုကရေစီစနစ် အကူအပြောင်းကာလမှာ အရည်အသွေးမြင့်တဲ့ ပညာတတ်တွေရဲ့ အင်အားဟာ များစွာလိုအပ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း ထိုသူတွေရဲ့ လက်ထဲမှာ ရှိနေတာကြောင့် ကျွန်မတို့ နိုင်ငံမှာ နိုင်ငံကို အကျိုးပြုမယ့် ပညာတတ်အနာဂတ်သားကောင်းတွေ တိုးပွားလာပါစေလို့ ဆန္ဒပြုရင်း ...
ခင်မင်စွာဖြင့်
အလွမ်းပြေ
Subscribe to:
Posts (Atom)